မင်္ဂလာရှိသော မနက်ခင်းလေးပါ

လောဘဆိုတဲ့သဘောက
ပြီးသွားတယ်ဆိုတာမရှိဘူး
လိုပြီးရင်းလိုချင်နေတာ

ဒါကြောင့်လောဘဟာ
ပင်လယ်သမုဒ္ဒရာကြီးနဲ့
တူနေတယ် ။

ပင်လယ်သမုဒ္ဒရာဆိုတာ
ဘယ်ကရေတွေဝင်လာဝင်လာ
လက်ခံတဲ့သဘောရှိသလို

လောဘဆိုတာကလည်း
အသစ်အသစ်
လိုချင်စရာအာရုံတွေ

တွေ့လာတိုင်း
လိုချင်တောင်းတနေတာပဲလေ ။

ဘယ်မှာများ
အားရကျေးနပ်မှုရှိသွားလို့လဲ ။

ဘဝဆုံးချင်ရင်တော့
လောဘကြီးနေလို့မဖြစ်ပါဘူး ။

လောဘအမြစ်ပွားလေလေ
ဒုက္ခပွားလေလေပါပဲ….။

လိုချင်တာတွေရကာမှ
ဒုက္ခရောက်မယ့်အဖြစ်မျိုးကို
ဘာလို့ တောင်းတနေမှာလဲ ။

ကိုယ့်စိတ်က
အသိဉာဏ်နောက်လိုက်မှ

ကိုယ့်ရဲ့အလိုကို
အသိဉာဏ်နဲ့ဖြည့်ကြမှ
ပြည့်စုံမှုကတကယ်ရတာပါ ။

🙏🙏🙏 သာရ ဂေဝသီ🙏🙏🙏