လွိုင်လင်မြို့မှာ စားသုံးဆီများအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၊ မြို့မဈေးအနီးတွင် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ စားရေးအထောက် အကူပြုစေရန်အတွက် ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ လွိုင်လင်တပ်နယ်မှ တပ်မတော်သားများက စားသုံးဆီ များကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့သည်။