မင်္ဂလာရှိသော မနက်ခင်းလေးပါ

ကုသိုလ်ရှိရင်သက်သာတယ်

ကုသိုလ်တွေပြုထားသည့်အတွက်
အဆင်မပြေမှု အခက်အခဲတွေ
မလာတော့ဘူးတော့ဘယ်ဟုတ်မလဲ ။

ကုသိုလ်ပြုထားတော့
အဆင်မပြေမှု အခက်ခဲတွေကနေ
မြန်မြန်အသာလေးကျော်နိုင်တာပေါ့ ။

တရားကျင့်ထားသည့်အတွက်
ဆင်းရဲခြင်းတွေကမကြုံတော့ဘူးလို့
တော့ဘယ်ဟုတ်မလဲ ။

တရားကျင့်ထားတော့
ကိုယ်စိတ်ဆင်းရဲခြင်းတွေကနေ
အမြန်ချမ်းသာလွတ်ကင်းနိုင်တာပေါ့ ။

ဘုရားရှိခိုးထားသည့်အတွက်
ဘေးရန်တွေကနေ
အားလုံးကင်းသွားပြီးတော့ဘယ်ဟုတ်မလဲ ။

ဘုရားရှိခိုးထားတော့
များများစားစားဘေးရန်မတွေ့ရဘူးပေါ့ ။

တအားကျမယ်အနေထားဆိုရင်
ကုသိုလ်ရှိတဲ့သူ အကျမနာရတော့သလို

တရားရှိထားတဲ့သူကလည်း
အဆိုးလောကဓံတွေကြုံလာတဲ့အခါ
လုံး၀ အကျမနာတော့ပါဘူး ။

ကိုယ့်ပြုလုပ်ထားတဲ့ကုသိုလ်ရယ်
ကိုယ်ကျင့်ထားတဲ့တရားရယ်က
ကိုယ့်ကိုယ် ကာကွယ်ပေးသွားမှာပါ ။

ဒါကြောင့်….
ကုသိုလ်ကိုများအောင်ပြုပြီးတော့
တရားကို ရသလောက်ရှာထားပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏