ကန့်ဘလူမြို့နယ်၊ သဲကောကျေးရွာ၌ PDF အကြမ်းဖက်များနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

ဧပြီလ ၂၆ ရက် နံနက် ၅ နာရီခွဲခန့်တွင် လုံခြုံရေးအဖွဲဝင်များသည် ကန့်ဘလူမြို့နယ်၊ သဲကောကျေးရွာအတွင်းရှိ စာသင်ကျောင်းအား စစ်စခန်းသဖွယ်ပြုလုပ်နေရာယူထားသော PDF အကြမ်းဖက်သမားများအား ဝင်ရောက်ရှင်းလင်းခဲ့ရာ ဖြစ်စဉ်တွင် အကြမ်းဖက် ၂ ဦး သေဆုံးပြီး အမ်-၂၂ သေနတ် ၂ လက်နှင့် ၎င်းကျည် ၂၉၈ တောင့်၊ ကျည်အိမ် ၄ ခု၊ လက်ပစ်ဗုံး ၆ လုံးနှင့် equipment၂ စုံ တို့အား သိမ်းဆည်းရရှိခဲ့ကာလုံခြုံရေးအဖွဲ့ဝင်များမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရပါတယ်..။