ဒီဇင်ဘာ ၁၆ ရက်နေ့တိုက်ပွဲသတင်းများ

(၁) ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ အကျဉ်းထောင်နေရာအား မနက် ၇ နာရီခန့်က KNPP/KNDF အင်အား ၃၅၀ ဦးခန့်သည် လက်နက်ကြီး/ငယ်များ၊ Drop Bomb များဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရ။

(၂) စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ခက်တောင်အနီးတွင် မွန်းလွဲ ၃ နာရီခန့်က လုံခြုံရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်သူ ၅၀ ဦးတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး (M-79 ၁ လက်၊ ဗုံးသီး ၃ လုံး သိမ်းဆည်းရမိခဲ့ပြီး စစ်သည် ၁ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရ။

(၃) ကရင်ပြည်နယ်ရှိ ထီးထတပ်စခန်းအား နေ့လည် ၁၁ နာရီခန့်က KNLA တမဟ(၅)၊ ပသစ ရင်း(၁)နှင့် PDF အကြမ်းဖက်သူ ၃၀၀ ဦးခန့်က လက်နက်ကြီး/ငယ်များ၊ Drop Bomb များဖြင့် လာရောက်တိုက်ခိုက်ခဲ့၍ လေကြောင်းပစ်ကူပြီပြီး ပြန်လည်တိုက်ခိုက်ခဲ့၊ ရန်သူပြန်လည်ဆုတ်ခွာသွားခဲ့ပြီး KNLA အလောင်း ၃ လောင်းရရှိ၊ စစ်သည် ၂ ဦးကျဆုံး၊ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ။