သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

မတ်လ ၄ရက်နေ့က ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူ ၃၀၆ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ခံတောကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူ ၆၁ ဦး၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ပုဂံမျှော်ကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူ ၁၁၇ ဦးတို့ကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များက ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ သွားရောက် ဆောင်ရွက်ပေးခဲ့ကြပါတယ်။

      နယ်မြေခံဆေးကုသရေး အဖွဲ့များက သံဃာတော်များနှင့်  ဒေသခံပြည်သူများ အား သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောဆိုင်ရာရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါ၊  သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင် ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ မျက်စိရောဂါ၊ ခွဲစိတ် ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးပြီး ECG နှင့် အာလ်ထရာဆောင်းစက်တို့ဖြင့် ရောဂါရှာဖွေ စမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော လူနာ များအား နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။