ရွှေတိဂုံစေတီတော်မြတ်ကြီး၏ တပေါင်းပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

မတ်လ ၄ရက်က လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၂၆၁၁) နှစ်မြောက် ဗုဒ္ဓ ပူဇနိယ(တပေါင်း)ပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်ရင်ပြင်တော်ပေါ်၌ ပြုလုပ်ရာ ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဒါယကာ၊ ဒါယိကာမများ လာရောက်ကြပါတယ်။

ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင် စုစုပေါင်း ၁၄၅ ပါးတို့က ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှ စေတီတော်မြတ်ကြီး၏ လက်ယာရစ်အတိုင်း လှည့်လည် အပူဇော်ခံကြပြီး   တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လောင်းလှူခဲ့ကြကြောင်း သတင်းရရှိပါတယ်။