မင်္ဂလာရှိသော နံနက်ခင်းပါ

ငါ့အတွေးသာ မှန်တယ်ဆိုတဲ့
အတ္တဆန်မှုတွေကြောင့်

အမှားလုပ်ရပ်တွေဟာ
သက်ရှည် နေကြရတယ် ။

ငါ့မခေါ်လည်း နေပေါ့ဆိုတဲ့
တင်းခံမှု မာနလေးတွေကြောင့်

ရင်းနှီးမှုတွေဟာ
အဝေးဆုံးဖြစ်သွားကြရတယ် ။

စော်ကားတာကို ငြိမ်ခံစရာလားဆိုတဲ့
သည်းမခံမှုတွေကြောင့်

အကျိုးမဲ့မှုတွေဟာ
ကိုယ့်မှာဖြစ်ပေါင်းလည်းများလှပြီ ။

သူများအဆင်ပြေနေတာကို
၀မ်းမမြောက်နိုင်မှုတွေကြောင့်

ဘ၀အဆင့်တန်းတွေဟာ
ကိုယ့်မှာကျဆင်ပေါင်း များလှပြီ ။

သူများဘ၀ကို ပြင်ချင်ရင်
ကိုယ့်ဘ၀ကိုလည်းဆင်ခြင်နေပါ ။

ကိုယ့်ကကောင်းနေမှ
ကိုယ့်ဘ၀ဟာ မြင့်မြတ်မှာမို့လို့
စိတ်အကောင်းဆုံးဖြစ်အောင်နေပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏