စစ်သင်္ဘော ၉ စီး တိုက်ခိုက်ခံရပြီး စစ်သား ၃၇ ဦးသေဆုံးတယ်လို့ Khit Thit မှ သတင်းအမှားရေး

ဇူလိုင်လ ၂၆ ရက် နံနက် ၇ နာရီ ၁၀ မိနစ်မှ စတင်ပြီး မန္တလေးမြို့၊ ဂေါဝိန်ဆိပ် ကမ်းမှ တက်လာသော စစ်တပ်သင်္ဘော ၉ စီးသည် စဉ့်ကူးမြို့နယ်၊ ဆည်သည်ရွာ၌ ညအိပ်ရပ်နားခဲ့ကြောင်း၊ ဇူလိုင် ၂၇ ရက်နံနက် ၆ နာရီ မိနစ် ၂၀ ခန့်တွင် ပြန်လည်ထွက်ခွာခဲ့ရာ ကျောက်မြောင်းမြို့အထက်ပိုင်း အရောက်မွန်းလွဲ ၁ နာရီ မိနစ် ၁၀ အချိန်၌ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ မြစ်ဘေး ဝဲ၊ ယာ နှစ်ဖက်စလုံးမှ အသင့်နေရာယူပြီး ရှော့တိုက်ဒုံး၊ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ဝိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ထို့သို့ ပစ်ခတ်တိုက်ခိုက်မှုသည် ကျောက်မြောင်းမြို့အထက်ပိုင်းမှ သပိတ်ကျင်းမြို့နယ် ဆိပ်ကမ်းမရောက် ခင်အထိ ရှော့တိုက်ဒုံးများ၊ ၄၀ မမများ၊ RPG -2 များ၊လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သင်္ဘော ၉ စင်းအနက် ပိတောက်နှင့် ပင်လုံအမည်ရှိ သင်္ဘော ၂ စီး ခါးလည်တည့်တည့် ပဲ့ထိန်းခန်းတို့ကို ရှော့တိုက်ဒုံး၊ လက်နက်ကြီးများ ထိမှန်ခဲ့ရာ ယင်းသင်္ဘော ၂ စီး ပေါ်ပါ စစ်သား ၃၇ ဦးသေဆုံးပြီး ၇၀ ခန့်ဒဏ်ရာရရှိခဲ့ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင် ၂၇ ရက်နေ့၌ ဧရာဝတီ မြစ်ကြောင်းအတိုင်း မန္တလေး – ဗန်းမော် ခရီးစဉ် ကို ခုတ်မောင်းနေတဲ့ အရပ်ဘက်ကုန်တင်သင်္ဘော (၆) စီး နှင့် လုံခြုံရေးအစောင့်လိုက် စစ်သင်္ဘော (၃) စီး တို့ဖြစ်ပြီး ပြရွာ အနီးတွင် PDF များမှ စတင်ချောင်းမြောင်းတိုက်ခိုက်သဖြင့် နှစ်ဖက်ထိတွေ့မှုဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့ကြောင်းနှင့် အရပ်ဖက်သင်္ဘော ၁ စီး အနည်းငယ်သာ ကျည်ထိမှန်ခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်ကို ပုံကြီးချဲ့ကာ သင်္ဘော ၂ စီးပျက်စီး၍ စစ်သား ၃၇ ဦး သေဆုံးကာ ၇၀ ဦး ဒဏ်ရာရတယ်ဆိုပြီး လူအထင်ကြီးအောင် စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

Disinformation

FactCheck