ပြည်ပမှကြွရောက်လာကြသည့် ဆရာတော်ကြီးများ ရန်ကုန်လေဆိပ်ရောက်ရှိ

မဟာမင်္ဂလာအခမ်းအနားများသို့ တက်ရောက်ရန်အတွက် ပြည်ပမှကြွရောက်လာကြသည့် ဆရာတော်ကြီးများနှင့် လူပုဂ္ဂိုလ်များသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြသည်။ပြည်ပမှကြွရောက်လာကြသည့် ဆရာတော်ကြီးများအား အဘိဓဇမဟာရဋ္ဌဂုရု ရွှေကျင်သာသနာပိုင် သီတဂူအဓိပတိ ဆရာတော်ဘုရားကြီး ဒေါက်တာအရှင်ဉာဏိဿရနှင့် တာဝန်ရှိသူများ၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြပြီး ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်ခဲ့ကြောင်း သိရှိရသည်။