နာမည်ကြီး တရုတ်မင်းသမီး မီရှဲယို့လက်ထပ်လိုက်ပြီ

အော်စကာဆုရှင် မင်းသမီး မီရှဲယို့ဟာ သူမရဲ့ ဆယ်စုနှစ် ၂ ခုနီးပါးကြာ စေ့စပ်ထားတဲ့ လက်တွဲဖော် ဂျင်းတော့ဒ်နဲ့ လက်ထပ်ထိမ်းမြားလိုက်ပြီလို့ သိရပါတယ်။

ဇူလိုင်လ ၂၇ ရက် ကြာသပတေး နေ့ တုန်းက ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဇာမှာ ဖရာရီ စီအီးအိုဟောင်း အသက် ၇၇ နှစ်အရွယ် လက်တွဲဖော် အမျိုးသားနဲ့ အသက် ၆၁ နှစ် အရွယ် ကြယ်ပွင့်မင်းသမီး တို့စုံတွဲက သူငယ်ချင်း၊ မိသားစုဝင် တွေပါတဲ့ သီးသန့်လက်ထိပ်ထိမ်းမြားတဲ့ပွဲလေး လုပ်ခဲ့ကြတာပါ။