ဩဂုတ်လ ၆ ရက်နေ့ မှုခင်းသတင်းများ

-ဩဂုတ်လ ၅ ရက်နေ့ ၀၄၄၀ နာရီချိန်တွင် အကြမ်းဖက်အဖွဲ့(၅၀) ဦးခန့်မှ ကောလင်းမြို့နယ်၊ ကျော်ဇေယျာရပ်ကွက်ရှိ ရဲစခန်းအား အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မောင်ပိုင်စိုး(၁၈) နှစ်၊ ပြင်ဦးလွင် ရပ်ကွက်တွင် နေထိုင်သူအား ယာပေါင်ဗုံးသီးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။

-ဩဂုတ်လ ၅ ရက်နေ့ ၁၁၁၀ နာရီချိန်တွင် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ Express မျက်မှန်ဆိုင်မှ ဦးမောင်မောင်လွင် သည် ဆိုင်၌ ဝန်ထမ်းများနှင့် အတူရှိနေစဉ် အကြမ်းဖက်သမား ၄ ဦး သည် ပစ္စတို ၁ လက်ဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်းရှိ ဦးမောင်မောင်လွင်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ

-ဩဂုတ်လ ၅ ရက်နေ့ ၁၇၃၀ နာရီချိန်တွင် ရွှေဘိုမြို့နယ်၊ ဘုတ်ကုန်းကျေးရွာရှိ တောင်သူများသည် လယ်များများ၌ လုပ်ငန်းများ လုပ်ကိုင်နေစဉ် ရွာသန်းကျေးရွာမှ ကျော်နိုင်ထွန်းခေါင်းဆောင်သော အကြမ်းဖက် အင်အား ၅၀ ဦးခန့်သည် မောင်းပြန်သေနတ်များ ကိုင်ဆောင်ရောက်ရှိလာပြီး ဘုတ်ကုန်းကျေးရွာသား ၂၁ ဦးနှင့် ရွာသာများ ပိုင်ဆိုင်သည့် နွား-၂၀၀ ကောင်၊ ဆိတ်-၃၀၀ ကောင် နှင့် လှည်း ၄ စီးတို့အား ယူဆောင်ပြီး ရွာသန်းကျေးရွာဘက်သို့ ထွက်ခွာသွားခဲ့ကြောင်း သိရှိရ။

-ဩဂုတ်လ ၅ ရက်နေ့ ၁၁၄၀ နာရီချိန်တွင် မတ္တရာမြို့နယ်၊ လက္ကောင်းကျေးရွာတွင် နေထိုင်သော ငါးကန်ပိုင်ရှင် ဦးတင်ဝင်းသည် ငါးကန်ရှိ တဲအတွင်းထိုင်နေစဉ် အကြမ်းဖက်သမား ၃ ဦးမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး တဲအတွင်းဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးတင်ဝင်းမှာ ကျဉ်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဟဂုတ်လ ၅ ရက်နေ့ ၁၅၁၀ နာရီချိန်တွင် နွားထိုးကြီးမြို့နယ်၊ သူစိုးကျေးရွာတွင် နေထိုင်သော ဒေါ်ခင်အေးတင့်(၄၉) နှစ်သည် ဦးသူရိန်ဝင်း၏ ကုန်စုံဆိုင်၌ ဈေးဝယ်နေစဉ် အကြမ်းဖက်သမား ၂ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ပစ္စတိုဖြင့် ၆ ချက် ပစ်ခတ်ခဲ့၍ ဆိုင်ကယ်အား ယူဆောင်သွားခဲ့ပြီး ဒေါ်ခင်အေးတင့်မှာ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဩဂုတ်လ ၅ ရက်နေ့ ၁၄၃၀ နာရီချိန်တွင် ကျောက်ကြီးမြို့နယ်၊ လပတ်ကျေးရွာတွင် နေထိုင်သော ဦးမြင့်အောင်(၄၈) နှစ်သည် နေအိမ်၌ရှိနေစဉ် အကြမ်းဖက်သမားများမှ ပစ်ချလိုက်သည့် drop bomb ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေါ်ခင်စန်းမြိုင်(၃၅) နှစ်၊ ဒေါ်စန်းစန်းမူ(၄၀) နှစ် နှင့် ဦးဝင်းရွှေ(၅၀) နှစ်တို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရ။