ထိုင်းနိုင်ငံတွင် အဝိစီတွင်းထဲပြုတ်ကျခဲ့သည့် မြန်မာကလေးငယ်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့

ထိုင်းနိုင်ငံ၊ ဖုတ်ဖရမြို့နယ်၊ ခရီလာတ်ကျေးရွာရှိ စိုက်ပျိုးရေးခြံတစ်ခုတွင် တူးဖော်နေသည့် အဝိစီတွင်းထဲကို ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေပိုင်းက ပြုတ်ကျသွားသည့် အသက် ၁ နှစ် ၇ လအရွယ် မြန်မာကလေးငယ်ကို ၁၆ နာရီအကြာတွင် ပြန်လည်ကယ်တိုင်နိုင်ခဲ့သည်ဟု ထိုင်းရောက် မြန်မာအလုပ်သမားများထံက သိရှိရသည်။

ကလေးငယ်ပြုတ်ကျခဲ့မှုကို ထိုင်းလူမှုရေးအသင်းများနှင့် သက်ဆိုင်ရာက ချက်ချင်း ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြပြီး စက်ယန္တယား (Back Hold) မြေတူးစက်ပါ အသုံးပြုခဲ့ရကြောင်းသိရှိရသည်။

“မနေ့ ညနေလောက်ကဖြစ်တာ။ ကလေးက လမ်းလျောက်တက်စ လမ်းစမ်းနေတော့ သတိမထားမိကျရာကနေ ဖြစ်သွားတာ။ အဝီတွင်းဆိုတော့လဲ အောက်မှာ ကျောက်ဆောင်တွေခံနေတာမျိုးကြုံတော့ ဘတ်ဖိုးနဲ့ပါတူးရတယ်။ အခုမနက်တော့ ကယ်နိုင်ခဲ့ပြီ”ဟု သွားရောက်ကြည့်ရှုခဲ့သည့် မြန်မာအလုပ်သမား တစ်ဦးက ပြောသည်။

ပြုတ်ကျခဲ့သည့် ကလေးငယ်ကို ၁၅ မီတာ အနက်အရောက်တွင် ကယ်ဆယ်ရေးသမားက ယနေ့ ဇန်နဝါရီ ၇ ရက်နေ့ နေ့လည်ပိုင်းက အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း Khaosod English သတင်းမီဒီယာက ပြောပြပြောဆိုထားသည်။

“၁၅ မီတာနက်တဲ့ အဝီစိတွင်းကျဉ်းထဲသို့ ပြုတ်ကျခဲ့တစ်နှစ်ခွဲအရွယ် မြန်မာနိုင်ငံသား ကလေးငယ်တစ်ဦးကို ကယ်ဆယ်ရေးသမားများက အင်္ဂါနေ့တွင် ကယ်တင်ခဲ့ပါပြီ”ဟု ရေးသားဖော်ပြထားသည်။

ကလေးငယ်ကို အချိန်မီ ကယ်ဆယ်နိုင်ရန်အတွက် အချိန် ၁၆ နာရီလောက်ပြုလုပ်ခဲ့ကြရကြောင်း သိရှိရသည်။

crd;