ဖေဖော်ဝါရီလ ၆ ရက်နေ့ မှုခင်းသတင်းများ

-ဖေဖော်ဝါရီလ ၅ ရက် ၁၂၃၀ နာရီတွင် သရက်ချောင်းမြို့နယ်၊ သဲချောင်းကြီးကျေးရွာသို့ ရောက်ရှိလာပြီး ဦရဲမြင့်ဦး(၅၄)နှစ်နှင့် ၎င်း၏ သားမတ်ဖြစ်သူ ဦးဇင်မင်း(၂၉)နှစ်တို့ ၂ ဦးအား သဲချောင်းကြီးကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။

-ဖေဖော်ဝါရီလ ၅ ရက် ၀၆၀၀ နာရီတွင် မလှိုင်မြို့နယ်၊ သရက်ကန်တောင်ကျေးရွာရှိ မဟာဒက္ခီဏရာမကျောင်းတိုက်သို့ အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦးခန့်သည် ဆိုင်ကယ် ၅ စီးဖြင့် ရောက်ရှိလာပြီး ကျောင်းထိုင် ဆရာတော် ဥူးဝိသူရ(၃၃)နှစ်၊ ဝါတော်(၁၄)နှစ်နှင့် ကပ္ပိယ ဦးစန်းမောင်(၄၃)နှစ်တို့အား ပစ်ခတ်သတ်ဖြတ် သွားခဲ့ကြောင်း သိရှိရ။

-ဖေဖော်ဝါရီလ ၅ ရက် ၁၂၀၀ နာရီတွင် မလှိုင်မြို့နယ်၊ မြင်းဦးလှည့်ကျေးရွာနေ ဦးကျော်ဇေယျ(၄၅)နှစ်၊ ဦးမောင်ဇော်(၅၂)နှစ် နှင့် ဒေါ်သင်းဦး(၄၀)နှစ်တို့သည် နေအိမ်၌ရှိနေစဉ် (စိစစ်ဆဲ)ကျား ၄ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာ ပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးကျော်ဇေယျတွင် ယာလည်ပင်း၊ ယာရင်အုံကျည်ဖောက် ဝင်ဒဏ်ရာ၊ ဦးမောင်ဇော်တွင် ယာလည်ပင်းမှ ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာ၊ ဒေါ်သင်းဦးတွင် ဝဲဦးခေါင်း ကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးသွားခဲ့။

-ဖေဖော်ဝါရီလ ၅ ရက် ၁၅၁၀ နာရီတွင် မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးဘေးရှိ အမှတ်(ဟ-၃/၇၈)၊ Royal Express အမြန်ချောပို့လုပ်ငန်းအား အကြမ်းဖက်သမား ကျား ၂ ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ပြီး ကချင်ဈေးဘက်သို့ ပြန်လည်မောင်းနှင်သွားခဲ့ကြောင်းနှင့် Royal Express အမြန်ချောပို့လုပ်ငန်း ပိတ်ထားသဖြင့် လူ/အဆောက်အဦ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရှိရ။

-ဖေဖော်ဝါရီလ ၅ ရက် ၁၀၀၀ နာရီတွင် ပွင့်ဖြူမြို့နယ်၊ လက်ပနွယ်ကျေးရွာနှင့် ရှောက်တောကျေးရွာအကြား မင်းဘူး-ပွင့်ဖြူ-စလင်းကားလမ်း၏ ယာဘက်ခြမ်းရှိ လူမနေသည့် နေအိမ်ခြံထောင့်၌ လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့ကြောင်း သိရှိရ။

-ဖေဖော်ဝါရီလ ၅ ရက် ၁၇၀၀  နာရီတွင်   ပိန်းဇလုတ်မြို့၏ အနောက်မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာ တံတားအမှတ်၊ (၁၄၆/၁) အနီးတွင် အကြမ်းဖက်သမားများ ထောင်ထားသော ရှေ့ထွက်မိုင်း ၁ လုံး၊ ၁၂ ဗို့ဘက်ထရီ ၁ လုံး၊ ဖြူး(စ်) ၂ ချောင်း၊ ဝါယာကြိုး ၅ ပေခန့်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စနစ်တကျရှင်းလင်း၍ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရ။