မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷တရားဓမ္မနဲ့ တည့်အောင်နေပါ”🌷

ဒီဘဝ ဒီခန္ဓာကိုယ်ကြီးဟာ
အသက်အရွယ်ကြီးလာရင်
ချို့ယွင်းလာပါတယ်။

လောကလူတွေကိုကြည့်ပါ
အသက်ကြီးလာရင်
မကောင်းတဲ့စာရင်းတွေက
များလာပြီ။

အဘိုးကြီး အဖွားကြီးတွေ
ပြောကြတယ်လေ၊
မျက်စိက မကောင်းဘူးတဲ့၊
မျက်စိမှုန်တယ်။

မျက်စိတစ်ခုတည်း မဟုတ်ဘူး
နားကလည်း မကောင်းဘူးတဲ့၊
ဒူးကလည်း မကောင်းဘူးတဲ့၊
မကောင်းတာတွေ များလာတယ်။

ဒီ့ထက် ပိုများလာလို့ရှိရင်
နှလုံးက မကောင်းဘူးတဲ့၊
အသည်းက မကောင်းဘူးတဲ့၊
ကောင်းတာတွေ ကုန်သွားရင်
သေရတော့တာပဲ။

ပြီးတော့…
မတည့်တဲ့ စာရင်းတွေလည်း
များလာတယ်။ အသက်ကြီးလာရင်
ဝက်သား မတည့်ဘူးတဲ့၊
ဘာဖြစ်လို့လဲ…. သွေးတိုးရှိလို့။

သကြား မတည့်ဘူးတဲ့
ဘာဖြစ်လို့တုန်း…
ဆီးချို သွေးချိုရောဂါရှိလို့တဲ့၊
မတည့်တာတွေ များလာပါတယ်။

နောက်ဆုံး
သုဿာန်ရောက်သွားရတော့တာပဲ။

ကိုယ်ခန္ဓာမှာ မကောင်းတာတွေက
လည်းများလာပါတယ်
မတည့်တာတွေကလည်းများလာတယ်
ဒါက သံဝေဂဖြစ်စရာတွေပါ။

ငယ်ငယ်တုန်းကတော့
မတည့်တာဆိုတာ မရှိဘူး၊
အကုန်စားလို့ အဆင်ပြေတယ်။
မကောင်းတာဆိုတာလည်း မရှိဘူး၊
အကုန်ကောင်းတယ်။

ဒီတော့
ဒီလိုဖြစ်လာတဲ့ အခြေအနေမျိုးကို
ကိုယ်ကိုယ်တိုင် သိရမှာပါ။
ကျန်တာတွေက မကောင်းဘူး၊
ကျန်တာတွေက မတည့်ဘူးဆိုရင်
“တရားဓမ္မ”နဲ့တော့ တည့်အောင်နေ
ရမယ်။

မျက်စိ မကောင်းချင်နေ၊
ခါး မကောင်းချင်နေ၊
နား မကောင်းချင်နေ၊
ကျောက်ကပ် မကောင်းချင်နေ၊
အသည်း မကောင်းချင်နေ
ဘာပဲဖြစ်ဖြစ် စိတ်ကလေး
ကောင်းနေဖို့ လိုပါတယ်။

ဒီစိတ်ကလေး ကောင်းအောင်နေ
မြတ်စွာဘုရားရှင် အပေါ်မှာ
နှစ်နှစ်ကာကာ ယုံကြည့်တဲ့
သဒ္ဓါတရားလေး
ကောင်းနေဖို့ လိုပါတယ်။

အဲဒီ သဒ္ဓါတရားလေး
ကောင်းနေလို့ရှိရင်….
ခန္ဓာကိုယ်ကြီးဆိုတာ
အသက်ကြီးမှ သေသွားတဲ့သူက
မကောင်းလို့ ပစ်ရတယ်ဆိုပေမယ့်
အသက်ငယ်တဲ့သူကလည်း
ငယ်ငယ်ရွယ်ရွယ်နဲ့ ကောင်းနေတုန်း
ပစ်ထားခဲ့ရတာပါပဲ၊ သေရတာပါပဲ။

ဒီတော့…. ကိုယ် သတိထားရမှာက
အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ဆိုတာ
ကိုယ့်ရဲ့စိတ်ဓာတ်ပဲ။

မြတ်စွာဘုရားဂုဏ်တော်တွေနဲ့
ထုံမွှမ်းပြီး နေထားတဲ့စိတ်ဟာ
ဘယ်တော့မှ
အောက်ကို မရောက်စေဘူး။