မင်္ဂလာရှိသော နံနက်ခင်းလေးပါ

တစ်ဖြုတ်ဖြုတ်
ကြွေနေကြတာကို သိလာတော့

အားကိုးရာမဟုတ်မှန်း
အသိတရားက လက်ခံလာတယ် ။

တစ်ခဏတာ လူ့ဘ၀မှာ
အလိုကျခြင်း မကျခြင်းတွေရယ်
ချစ်ခြင်းမုန်းခြင်းတွေရယ်ဆိုတာ

အခိုက်တန့်၀င်လာတဲ့ဧည့်သည်တွေမို့
ကိုယ့်ဘ၀မဟုတ်မှန်းကို
နားလည်ပြီးတော့ ပြုပြင်လိုက်ပါ ။

အချိန်ကုန် လူပန်းဖြစ်မယ့်
အကြောင်းအရာတွေဆိုရင်လည်း
ကိုယ့်ဘ၀ထဲ အ၀င်မခံပါနဲ့ ။

တစ်နည်းနည်းနဲ့ ကိုယ်ဆီကနေ
ထွက်ခွာသွားကြမယ့်အပေါ်မှာ
တွယ်တာနေမိတယ်ဆိုရင်

နောက်ဆုံး ဝေဒနာသည်က
ကိုယ်တိုင်ပဲဖြစ်နေတတ်ပါတယ် ။

ဒါကြောင့်
အသိသတိလေးများများထားပြီး

ခင်စရာတွေမှာ စည်းကမ်းရှိစွာနဲ့
အလိုက်ထိုက်ပဲ ဆက်ဆံပါ ။

🙏🙏🙏သာရ ဂ ဝေ သီ🙏🙏🙏