ရုံးပိတ်ရက်မှာ ကျိုက်ထီးရိုးဘုရားဖူးများဖြင့်စည်ကား

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်ပြီး ပြည်တွင်း/ပြည်ပ ဘုရားဖူးများ လာရောက်ဖူးမြော်လျက်ရှိပြီး စည်ကားလျက်ရှိတယ်လို့ သိရပါတယ်။ ရုံးပိတ်ရက်တွေမှာ ဘုရားဖူးပြည်သူများ ပိုမိုစည်ကားလျက်ရှိပြီး နေ့စဉ် ဘုရားဖူးပြည်သူ နှစ်သောင်းကျော်အထိ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိကြောင်း သိရပါတယ်။ #Crd