ရွှေတိဂုံအနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်ကြားသို့ ဆက်သွယ်ထားသည့် မြေအောက်လူသွားဥမင် ၆၀ ရာခိုင်နှုန်းကျော် ပြီးစီး

ပြည်သူများသွားလာရာတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေပြီး သက်သောင့်သက်သာ ဖြတ်သန်းသွားလာနိုင်ရေးနှင့် ခေတ်မီအခြေခံ အဆောက်အဦတစ်ခု ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ တည်ဆောက်နေသော ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင် ပန်းခြံကြားသို့ ဆက်သွယ်ထားသည့် မြေအောက်လမ်းကူး လူသွားဥမင် Underpass  တည်ဆောက်မှု (၆၀ ဒသမ ၇၁)ရာခိုင်နှုန်း ပြီးစီးနေပြီလို့သိရပါတယ်။

မြေအောက်လမ်းကူး လူသွားဥမင်သည် (၂၃) ပေ ကျယ်ဝန်းပြီး တစ်နာရီလျှင် လူဦးရေ (၁၄၀၀၀) ခန့် ဖြတ်သန်းသွားလာနိုင်ကာ ရွေ့လျားစက်လှေကား(၄)စင်း၊ သက်ကြီး ရွယ်အိုများ၊ မသန်စွမ်းသူများ အသုံးပြုရန် ဓာတ်လှေကား (၁၀) ယောက်စီး (၂)စင်းပါရှိတဲ့လို့လည်းသိရပါတယ်။ #Crd