ရေတာရှည်မြို့နယ်တွင် တပ်မတော်တပ်ဖွဲ့ဝင်များ အချင်းချင်းပစ်ခတ်ပြီး သေဆုံးတယ်ဆိုတဲ့ဂျင်းသတင်း

ပဲခူးတိုင်း ရေတာရှည်မြိုနယ် ရွှေတောင်ရွာသစ်ရှိ စစ်ကောင်စီ စခန်းချထားရာ တပ်စွဲနေရာသို့ လာရောက်အင်အားဖြည့်သည့် စစ်ကြောင်း အချင်းချင်းမှားယွင်း ပစ်ခတ်မှုဖြစ်ပွားကြောင်း သိရှိရသည်။ ဧပြီလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ရွှေတောင်ရွာသစ် စစ်တပ်စခန်းကို လာရောက်ပူးပေါင်းသော စစ်ကူစစ်ကြောင်းကို ရန်သူဟု ထင်မှတ်ပြီး အချင်းချင်း မှားယွင်းပစ်ခတ်ကြရာ စစ်သား ၃ ဦးထက်မနည်းသေဆုံးကြောင်း Khit Thit က လူမှုကွန်ရက်ပေါ်တွင် ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။
သတင်းအား စိစစ်ရာတွင် >>> ဧပြီလ ၄ ရက်နေ့ ပဲခူးတိုင်း ရေတာရှည်မြိုနယ် ရွှေတောင်ရွာသစ် စစ်တပ်စခန်းအနီးတွင် တပ်မတော်တပ်ဖွဲ့ဝင်များ အချင်းချင်းမှားယွင်းပြီး ပစ်ခတ်တဲ့ ဖြစ်စဉ်မရှိကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်မရှိဘဲ အများပြည်သူများ အထင်အမြင်မှားစေရန် သတင်းကို လုပ်ကြံရေးသားထားခြင်းသာဖြစ်ပါတယ်။
Fake-News
FACT-CHECK
https://t.me/factcheckmm