ရွှေဘိုမြို့နယ်တွင် တပ်မတော်တပ်ဖွဲ့ဝင်များ ၅ ဦး သေဆုံးတယ်ဆိုတဲ့ ဂျင်းသတင်း

ဧပြီလ ၄ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က စိုင်းနိုင်ကြီးကွေ့မှ ရွှေဘိုမြို့သို ထွက်ခွာလာသော အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်တပ် ခမရ ၃၆၄ စစ်ကြောင်းကို စိုင်နိုင်ကြီးကွေ့နှင့် မိုးကောင်းကင် ဆီဆိုင်ကြားအရောက် ရှေ့ထွက်ပဒေသာမိုင်း ၇ လုံး ပွိင့် ၂ ပွိင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ တပ်မတော်သား ၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း Khit Thit က လူမှုကွန်ရက်ပေါ်တွင် ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။
သတင်းအား စိစစ်ရာတွင် >>> ဧပြီလ ၄ ရက်နေ့ ရွှေဘိုမြို့နယ် စိုင်းနိုင်ကြီးကွေ့ အနီးတစ်ဝိုက်တွင် တပ်မတော်တပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရခြင်း မရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်မရှိဘဲ ၅ ဦး သေဆုံးတယ်ဆိုပြီး အများပြည်သူများထံ သတင်းကို လုပ်ကြံရေးသားထားခြင်းသာဖြစ်ပါတယ်။
Fake-News
FACT-CHECK
https://t.me/factcheckmm