လူရာဝင်ချင်နေတဲ့ တီမောသမ္မတ ဟိုဆေးရာမို့စ်ဟော်တာ

အရှေ့တီမောသမ္မတ၏ မြန်မာ့အရေးပြောကြားချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏သမိုင်းကို ဦးစွာသိအောင်ပြုလုပ်သင့်ကြောင်း နိုင်ငံရေးသုံးသပ်လေ့လာ သူတစ်ဦးက တုံ့ပြန်ပြောကြားလိုက်ကာ တီမောသမ္မတ၏ မြန်မာ့အရေးစွက် ဖက်မှုနှင့်ပတ်သက်၍ လက်မခံကြောင်း နိုင်ငံရေး နယ်ပယ်မှ ကျွမ်းကျင်သူ များက ပြောကြားလိုက်သည်။

      မြန်မာနိုင်ငံ အရေးနှင့်ပတ်သက်၍ တပ်မတော်သားများကို တိုက်တွန်းသည်ဟု ဆိုကာ အရှေ့တီမောနိုင်ငံ၏ သမ္မတ ဟိုဆေးရာမို့စ်ဟော်တာက ပြောကြားလိုက်သည့်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံရေး သုံးသပ်လေ့လာသူတစ်ဦးက အထက်ပါအတိုင်း မြန်မာ့အရေးကို လေ့လာရန် ပြောကြားခဲ့ခြင်းဖြစ်ပြီး အခြားနိုင်ငံ ရေးနယ်ပယ်မှ ပုဂ္ဂိုလ်များကလည်း လက်မခံကြောင်း တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။ “မြန်မာနိုင်ငံအကြောင်းကို ပြောချင်ရင် မြန်မာနိုင်ငံရဲ့ သမိုင်းကို အရင်ဆုံး သိအောင်လုပ်ပါလို့ ပြောချင်ပါတယ်။

သမိုင်းကြောင်းကို မသိဘဲ ဝေဖန်တယ်ဆိုရင် ဒါက ဝေဖန် တာနဲ့မတူဘဲ တစ်ခါတစ်ရံကျတော့ လေကန်တာမျိုး ဖြစ်သွားတတ်တယ်။ လေကန်တယ် ဆိုတာမျိုးကအထောက်အထားပြုရမယ့် အရာ တွေ၊ ကိုးကားရမယ့်အရာတွေ မသိဘဲနဲ့ ပြောတာမျိုးကို လေကန်တယ်လို့ပြောကြားတာပေါ့” ဟု အထက်ပါနိုင်ငံရေး သုံးသပ်လေ့လာသူက ဆို သည်။

       “တီမောသမ္မတ ပြောလည်း သူပြောနေတာ အလကားသက်သက်ပဲ။ ဘာမှမဖြစ်ဘူး။ တီမောသမ္မတက ဘာပြောလို့ ညာပြောလို့ဆိုတာ စိတ်မပူပါဘူး။ လေကုန်တာပဲရှိပါတယ်” “သူတို့ကိုယ် သူတို့ Role တင်တယ်လို့မြင်တယ်။ စွက်ဖက်တာကတော့ ကမ္ဘာ့နိုင်ငံကြီးတွေကလည်း စွက်ဖက်နေတာပဲ။ ပြောချင်တာက ကျွန်တော်တို့က ဖွဲ့စည်းပုံအတိုင်းသွားနေတာကို ဘယ်နိုင်ငံကမှ Mother law ကို စွက်ဖက်လို့ မရဘူး” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုထားကြောင်း သိရှိရပါတယ်။