ဂိတ်ကင်းကိုလာပစ်ပြီး ပုဆိုးမနိုင်ပဝါမနိုင်ဖြစ်နေကြတဲ့ သူတို့ PDF

မုံရွာတစ်ကြောမှာ သူတို့ PDF တွေက လိုက်တိုက်နေတာဆိုတော့ သတ္တိရှိတဲ့ ကောင်တွေလားလို့ ထင်ထားတာ။ မှန်းချက်နဲ့ နှမ်းထွက်က မကိုက်ဘူးဖြစ်နေတယ်။ မုံရွာမြို့နယ်ထဲက စက်မှုဇုန်တစ်ခုကို သေနတ်တွေ လက်နက်မျိုးစုံကိုင်ပြီး အင်အားအများကြီးနဲ့ လာပစ်တာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က သေနတ်သံလေး စထွက်တာနဲ့ ပြေးလိုက်တာများ မှုံလို့……လေလှိုင်းပေါ်တွေမှာတော့ သူတို့ကပဲ စစ်ရေးစစ်ရာတွေမှာ တစ်ဖက်ကမ်းခက်ပြီး တိုက်ပွဲတိုင်းနိုင်နေသလို စစ်တပ်ကပဲ အမြဲရှုံးနေတဲ့ သယောင် ဘာလိုလို ညာလိုလိုနဲ့… အမှန်တကယ် သူတို့တိုက်ရဲခိုက်ရဲ သတ်ရဲတာ လက်နက်မဲ့ပြည်သူတွေနဲ့ ရဟန်းသံဃာတွေလောက်ပဲ ရှိပါတယ်။ ချောင်းပစ်၊ ပစ်ပြေး၊ တောင်းစား/ဓားပြတိုက် အဆင့်လောက်ပဲ ရှိတဲ့ အောက်တန်းစား အကြမ်းဖက်အဖွဲ့တွေပါ။