မန်စီးတီးအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ သရေကျ

ပရီးမီးယားလိဂ်ပွဲစဥ် (၂၅)ရဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ချဲလ်ဆီးအသင်းတို ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေရလဒ်ဖြစ်ပေါ်ခဲ့ပါတယ်။

အခုပွဲစဉ်မှာ လူစုံထွက်လာတဲ့ မန်စီးတီးအသင်းနဲ့ ချဲလ်ဆီးအသင်းတိုပွဲစဉ်မှာ ချဲလ်ဆီးအသင်းက စတာလင် ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ကစားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း မိနစ် ၈၀ ကျော်တဲ့အထိ ချဲလ်ဆီးအသင်းက ဦးဆောင် ထားနိုင်ခဲ့ပေမယ့် မန်စီးတီးအသင်းအတွက် ချေပဂိုးကို ပွဲကစားချိန် ၈၃ မိနစ်မှာ ရိုဒရီ က သွင်းယူပေးခဲ့တာကြောင့် သရေရလဒ်ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

အမှတ်အလိုရှိနေတဲ့ ချဲလ်ဆီးအသင်းအတွက် ရမှတ် ၃ မှတ် ဆုံးရှုးခဲ့ရသလို မန်စီးတီးအသင်းကလည်း နောက်ကျသွင်းဂိုးကြောင့်သာ ရမှတ်တစ်မှတ်ရရှိခဲ့တာ ဖြစ်ပါတယ်