လိုင်ဇာမြို့က စာလေးတစ်စောင်(ဘာသာပြန်ဆိုချက်)

******

ကချင် account တစ်ခုက ကချင်ဘာသာနဲ့ ရေးထားတဲ့ Post အရတော့ တပ်မဟာမှူး ရှရော်
လဆိုင်းအပါအဝင် အရာရှိကြီး ၁၂ ဦးနဲ့အတူ KIA တပ်မဟာ ၉ နဲ့ ရင်း ၆ မှ တပ်ဖွဲ့ဝင် ၄၀ ကျော် ကျဆုံးပြီး

ရင်း ၆ တပ်ရင်းမှူး စလောင်းလဆိုင်းအပါအဝင် KIA တပ်ဖွဲ့ဝင် ၅၀ ကျော် ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်..

အဲဒီသတင်းအရတော့ KIA ရင်း ၆ အနန်းပါး ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ မိုးညှင်းနဲ့ ဖားကန့်က NLD အလုပ်အမှုဆောင် ၈ ဦးနဲ့ PDF ထောက်ပံ့ရေးမှူး မင်းမင်းတို့လည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်…

KIA ပြောရေးဆိုခွင့်ရှိသူကတော့ သေဆုံးစာရင်းအတိအကျ မရသေးကြောင်းနဲ့ KIA အရာရှိကြီး တစ်ချို့ ကျဆုံးတာ မှန်ကန်ကြောင်း အတည်ပြုပြောကြားထားပါတယ်…

လိုင်ဇာမြို့ပေါ်သတင်းများအရတော့ ကချင်အနုပညာရှင်များနှင့် PDF များကို ထောက်ပံ့မှု ပြုလုပ်ပေးနေတဲ့ ကျောက်လောပန်း ၁၀ ဦးခန့် သေဆုံတယ်လို့ သိရှိရပါတယ်…