လေဘာကူဆင်အသင်း ၃၂ ပွဲဆက် ရှုံးပွဲမရှိစံချိန်တင်ထား

လက်ရှိရာသီမှာ ရလဒ်တွေကောင်းနေတဲ့ လေဘာကူဆင်အသင်းဟာ ဂျာမန်ဘွန်ဒစ်လီဂါပွဲစဥ်(၂၂) အပြီးမှာ ပြိုင်ပွဲစုံ ၃၂ ပွဲဆက် ရှုးပွဲမရှိစံချိန်ကို ရရှိထားပါတယ်။

ဂျာမန်ဘွန်ဒစ်လီဂါပွဲစဥ်(၂၂)မှာ ဟိုင်ဒန်ဟိမ်းအသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် လေဗာကူဆင်အသင်းရဲ့ ယခုရာသီ ပြိုင်ပွဲစုံရှုးပွဲမရှိမှတ်တမ်းမှာ (၃၂)ပွဲဆက် (၂၈ ပွဲနိုင်၊ ၄ ပွဲသရေ) အထိရှိလာခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမန်ဘောလုံးသမိုင်းတစ်လျှောက် ပြိုင်ပွဲစုံပွဲဆက်အများဆုံး ရှုးပွဲမရှိစံချိန် ၃၂ ပွဲ ကို လိုက်မီခဲ့ပါတယ်။

ဒါကြောင့် အလွန်ဆို ရဲ့ လက်ထက်မှာ အကောင်းဆုံးပုံစံကိုရရှိနေတဲ့ လေဘာကူဆင်အသင်းဟာ စံချိန်ကောင်းတွေကို ဆက်လက်ထိန်းနိုင်မလားဆိုတာ စောင့်‌ကြည့်ရတော့မှာ ဖြစ်ပါတယ်။