မြောင်းမြမြို့တွင် ခြင်ဆေးခွေ ထွန်းထားရာမှ မီးလောင်

ဧပြီလ ၂၆ရက် နေ့လည် ၁ နာရီ ၂၀ မိနစ်ခန့်အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ မြဟေမာရပ်ကွက်၊ ကွမ်းခြံ(၂)လမ်းတွင် ခြင်ဆေးခွေ ထွန်းထားရာမှ နေအိမ် ၂ လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မြောင်းမြမြို့၊ မြဟေမာရပ်ကွက်၊ ကွမ်းခြံ(၂)လမ်း ဦးသေးသေး၊ အသက် ၂၂ နှစ်၏ နေအိမ်ဖြစ်သော ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း၊ ဝါးတိုင်နေအိမ်တွင် ခြင်ဆေးခွေ ထွန်းထားရာမှ တစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာမှ ၎င်းနေအိမ်နှင့် ဘေးချင်းကပ်လျက်ရှိ ဦးလဘော်၊ အသက် ၇၀ နှစ် ၏ ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း၊ ဝါးတိုင် နေအိမ်တို့မှာ မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်ကျွမ်းသည့် နေရာသို့ မြောင်းမြမြို့နယ် မီးသတ်တပ်ဖွဲ့အပါဝင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်နေပြည်သူများမှ မီးငြိမ်းသတ်ခဲ့ရာ ၁ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် မီး ထိန်းနိုင်ခဲ့ပြီး ၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရသည်။ ၎င်း မီးလောင်ကျွမ်းမှုကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိ​ရသည်။

PAN