ပြည်မြို့မှာ ကုက္ကိုလ်ပင်လဲ၍ အိမ် ၃လုံးပိမိ

ပဲခူးတိုင်း၊ ပြည်မြို့မှာ ကုက္ကိုလ်ပင်လဲကျရာက နေအိမ် ၃လုံးပိမိခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)ထံက သိရပါတယ်။

စက်တင်ဘာလ ၇ရက်နေ့ ည ၉နာရီခွဲအချိန်ခန့်က ပြည်မြို့ရှိ နဝင်းနယ်မြေ ဖိုးခေါင်တံတားအနီးမှာ ကုက္ကိုလ်ပင်လဲကျပြီး နေအိမ်အချို့ကို ပိမိခဲ့တာဖြစ်ပါတယ်။

အဆိုပါဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ လူနာများရှိတာကြောင့် အရေးပေါ်ကူညီပေးရန် အဖွဲ့ထံသို့ ဆက်သွယ်အကြောင်းကြားလာတာကြောင့် သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ကုက္ကိုလ်ပင်လဲကျကာ နေအိမ် ၃လုံးပိမိခဲ့တာကြောင့် မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိသူများကို ဒဏ်ရာဆေးကြောသန့်စင်ကာ ဆေးထည့်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ထို့နောက် မီးသတ်တပ်ဖွဲ့(ပြည်ခရိုင်)နဲ့အတူ မြို့နယ်အရန်မီးသတ်များနဲ့ ပြည်မြို့ရှိ အရပ်ဖက်ပရဟိတအဖွဲ့များပူးပေါင်းကာ ရှာဖွေရှင်းလင်းရေးလုပ်ငန်းများနဲ့ ပိတ်ဆို့မှုများအား ကူညီပေးခဲ့ကြတာလည်းဖြစ်ပါတယ်။