ဗန်းမော်မှာ PDF ၅ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

စက်တင်ဘာလ ၈ ရက် ယနေ့တွင် KIA/PDF အကြမ်းဖက်အဖွဲ့များ၏ လူသတ်အကြမ်းဖက်လုပ်ရပ်တွေကို ရွံရှာလာသည့်အတွက် PDF ၅ ဦး သည် သေနတ် ၃ လက်၊ တရုတ်လက်ပစ်ဗုံး ၂ လုံးနှင့် ဗန်းမော်မြို့ရှိ လခရ အဖွဲ့များနှင့်ချိတ်ဆက်ကာ အလင်းဝင်လာခဲ့ပါတယ်။

အဆိုပါအလင်းဝင်လာသူများကို နယ်မြေခံတပ်မမှူးဦးစီး၍ ဌာနဆိုင်ရာတာဝန်ရှိသူများမှ နွေးထွေးစွာကြိုဆိုပြီး ဆုကြေးငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကာ မိဘအုပ်ထိန်သူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရပါတယ်။