ဂစ်တာအတွင်းဗုံးထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး PDF ၂ ဦးသေဆုံး

ဇူလိုင်လ ၃၁ ရက်က ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ် အမှတ် ၁၁ ကောက်သွယ် ၁ လမ်း ၂၉ ရပ်ကွက်နေ
အိမ်တစ်လုံးမှာ ဂစ်တာထဲ ဗုံးထည့်ပြီးထောင်နေတုန်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ PDF ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်..
“သူများမကောင်းကြံ ကိုယ့်ဘေးဒဏ်ထိ” ဆိုတဲ့ ဆိုရိုးနဲ့အညီ လူတိုင်းလူတိုင်းဟာ ကိုယ့်ပြုသည့်ကံ ကိုယ့်ထံပြန်လာမှာဖြစ်ပါတယ်။
ကံ ကံ၏အကျိုးကို မယုံကြည်ဘဲ အသိခေါက်ခက် အဝင်နက်နေတဲ့လူမျိုးတွေကတော့ ယခုလို ဖြစ်ရပ်မျိုးတွေနဲ့ ကြုံတွေ့ရမှာ မလွဲဧကန်ပါ။
ယခုဖြစ်စဉ်ကိုကြည့်ရင် အများပြည်သူထိခိုက်စေဖို့ရည်ရွယ်ပြီးလုပ်နေရင်း သေဆုံးတာဖြစ်လို့ ဝမ်းလည်းမနည်းသလို……………..ကိုယ့်နိုင်ငံသားတွေ
အနာဂတ်မဲ့စွာ ယခုလိုမျိုး ဆုံးရှုံးနေရလို့ ဝမ်းလည်းမသာပါဘူး။
စစ်တမ်းတွေအရ PDF တွေရဲ့ မလုပ်တတ်လုပ်တတ်ဖြင့် လက်လုပ်ဗုံးထောင်ရင်း ပေါက်ကွဲမှုဖြစ်စဉ်တွေဟာ ဇူလိုင် ၃၁ ရက်ထိဆိုရင်-
ဖြစ်စဉ်ပေါင်း………………၄၃ ခု
သေဆုံးသူ…………………၄၈ ဦး
ဒဏ်ရာရသူ………………..၃၇ ဦး ရှိပြီလို့ သိရပါတယ်..
ကိုယ်တွေ့ကြုံမှ ကိုယ်တိုင်ခံစားရတာထက် သူများရဲ့ဖြစ်ရပ်ကိုကြည့်ရင်း သုံးသပ် ဆင်ခြင် နိုင်ကြဖို့ မျှော်လင့်မိပါတယ်။