ရုရှား-ယူကရိန်း ပဋိပက္ခများတွင် တိုက်ခိုက်ရေးစက်ရုပ်များ ပိုမိုကျယ်ပြန့်စွာ အသုံးပြုလာခြင်း

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ရုရှား-ယူကရိန်းစစ်ပွဲတွေမှာ နည်းပညာမြင့်လက်နက်တွေ သုံးလာပြီး ကန့်သတ်မှုတွေရှိတဲ့ လူသားနေရာတွေမှာ မောင်းသူမဲ့လေယာဉ် (Drone) တွေအပြင် လူသားမပါဝင်သော မြေပြင်သုံးယာဉ် Uncrewed Ground Vehicles (UGVs) တွေလို စက်ရုပ်တွေ အသုံးပြုလာကြတာကို တွေ့ရပါတယ်။

ရုရှားနဲ့ ယူကရိန်းစစ်ပွဲတိုဟာ ခေတ်သစ်စစ်ပွဲများအတွက် နည်းပညာနဲ့ လက်နက်တွေ စမ်းသပ်သည့် နေရာတစ်နေရာဖြစ်လာခဲ့ပြီး လက်ရှိတွင် ဝေဟင် ကနေ အသုံးပြုတဲ့ ဒရုန်းတွေအပြင် လူမပါဝင်ဘဲ မြေပြင်တိုက်ခိုက်တာတွေ၊ မိုင်းခင်း တာတွေနဲ့ မိုင်းရှင်းလင်းတာတွေ၊ ထောက်ပံ့ရေးလုပ်ငန်းတွေကို လုပ်ဆောင်နိုင်တဲ့ UGVs တွေ ထုတ်လုပ်တဲ့ဘက်ကို ယိမ်းလာပါတယ်။

ဒီ ၂၀၂၄ ခုနှစ်၊ မတ်လမှာ ရုရှားနိုင်ငံဘက်က အလိုအလျောက်ပစ်ခတ်တဲ့ ဗုံးလောင်ချာတွေ တပ်ထားပြီး သေးငယ်တဲ့ ရွေးလျားစက်ရုပ် Courier စက်ရုပ်တွေနဲ့ ယူကရိန်းခံစစ်နေရာတွေကို စေလွှတ်တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။

အခြားတစ်ဖက် ယူကရိန်းနိုင်ငံကလည်း UGV တွေ အသုံးပြုပြီး ရုရှား ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းက တံတားတွေနဲ့ စခန်းတွေကို တိုက်ခိုက်တာတွေ၊ ဖောက်ခွဲရေးပစ္စည်းတွေ နေရာချတာတွေ၊ ပြန်လည်ရုတ်သိမ်းတာတွေနဲ့ အသေခံ တိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။

ပြီးတော့ အဲ့လို စက်ရုပ်တွေ သုံးလာတဲ့အခါမှာ ရုရှားနဲ့ ယူကရိန်းတိုက ဈေးသက်သာပြီး တိုက်ခိုက်ရေးဒုန်းတွေ မြန်မြန်ဒီဇိုင်းထွင်ဖန်တီးနိုင်တဲ့ ကိုယ်တိုင် လုပ် DIY ( Do it Yourself) နည်းလမ်းတွေ အသုံးပြုလာတာကို တွေ့ရပါတယ်။

ဆိုတော့ ဒီ AI ဒါမှမဟုတ် အီလတ်ထရောနစ်စနစ်တွေနဲ့ ထိန်းချုပ်နိုင်တဲ့ မောင်းသူမဲ့ယာဉ်တွေ၊ အလိုအလျောက်တုံပြန်နိုင်တဲ့ စစ်ဘက်သုံးစက်ရုပ်တွေကို ကောင်းကင်ဝေဟင်နှင့် ရေပြင်တွေမှာသာမက မြေပြင်တွေမှာပါ တွင်တွင် ကျယ်ကျယ် သုံးလာမယ်ဆိုရင် အနာဂတ်စစ်ပွဲတွေက နည်းပညာအခြေပြုစစ်ပွဲတွေ အဖြစ် လုံးဝကူးပြောင်းသွားနိုင်တယ်..

ပြီးတော့ လူသားစွမ်းရည်ကို နည်းပညာ စွမ်းရည်နဲ့ အချိုးညီညီ အထောက်အပံ့ပေးနိုင်တဲ့ဘက်ကို အသာစီးရသွားနိုင် ပါတယ်။

ရုရှားနိုင်ငံနဲ့ မဟာဗျူဟာမြောက်ဆက်ဆံရေးကို တည်ဆောက်ထားနိုင်တဲ့ မြန်မာ့တပ်မတော်အနေနဲ့ ရုရှား-ယူကရိန်းစစ်ပွဲအတွင်း ရုရှားရခဲ့တဲ့ သင်ခန်းစာ တွေနဲ့ အတွေ့အကြုံတွေအပေါ် သင်ခန်းစာဖော်ထုတ်ပြီး နည်းပညာအခြေပြု စစ်ပွဲများအတွက် လိုအပ်တဲ့ လူသားအရင်းအမြစ်တည်ဆောက်ခြင်းနဲ့ စုဖွဲ တည်ဆောက်မှုတွေကို အရှိန်မြှင့်တင် ဆက်လက်လုပ်ဆောင်ဖို လိုအပ်ပါတယ်။