ရုရှားမှာ သမ္မတရွေးကောက်ပွဲစတင်ပြီ

ရုရှားနိုင်ငံတွင် သမ္မတရွေးကောက်ပွဲကို မတ်လ ၁၅ ရက်တွင် စတင်ကျင်းပလိုက်ပြီး ရုရှား ပြည်သူများ လာရောက်မဲပေးခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံတွင် ကျင်းပသည့် ရွေးကောက်ပွဲကို ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် သုံးရက်ကြာ ကျင်းပမည်ဖြစ်ရာ မဲပေးမှုများက မတ်လ ၁၇ ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး ရုရှားသမ္မတရွေးကောက်ပွဲကို လက်ရှိသမ္မတပူတင် အပါအဝင် ကိုယ်စားလှယ်လောင်းလေးဦး ယှဉ်ပြိုင်မည်ဖြစ်ကာ သမ္မတသက်တမ်းက ခြောက်နှစ်ဖြစ်ကြောင်း သိရပါတယ်။ #Crd