ဧပြီလ ၃၀ ရက်နေ့ တိုက်ပွဲသတင်းများ

ဧပြီလ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။ 💥💥💥💥💥💥💥💥

ကယားပြည်နယ်

ဖယ်ခုံမြို့နယ် ဓမ္မသိဒ္ဓိဘုန်းကြီးကျောင်းအနီးတစ်ဝိုက် နယ်မြေရှင်းလင်းစဉ် နေရာ ၂ နေရာမှ KNDF နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၃၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။

လက်လုပ်ပုလင်းမိုင်း ၃ လံဒး၊ တိုက်မိုင်း ၂ လုံး၊ ရှေ့ထွက်မိုင်းဖြု(စ်) ၄ ခု၊ ကျည်အိမ်မျိုးစုံ ၃ ခု၊ ကျည်မျိုးစုံ ၂၂ တောင့်၊ ပြောက်ကျားယူနီဖောင်း ၃ စုံ သိမ်းဆည်းရမိခဲ့။

ဖားဆောင်းမြို့နယ်မြေခံတပ်ရင်းဌာနချုပ်သို့ KNPP/ KNDF အင်အား ၁၄၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ပြီး ဆုတ်ခွာသွားသည့် ရန်သူနောက်သို့ နယ်​မြေရှင်းလင်းစဥ် တောင်ပေါ်ရွာ အနီးသို့အရောက် KNPP/KNDF နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၆၀ ဦးခန့်က ၁ ကြိမ်၊ နေရာ ၃ နေရာမှ အင်အား ၄၅ ဦးခန့်က ဒရုန်း ၁ စီးဖြင့် Drop Bomb ဖြုတ်ချတိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။

KNPP/KNDF ၄ လောင်း၊ အမ်(၂၂) ၃ လက်၊ ဘီအေ(၆၃) ၂ လက်၊ ကျည်အိမ်မျိုးစုံ ၁၁ ခု၊ ကျည်မျိုးစုံ ၁၇၅ တောင့် သိမ်းဆည်းရမိခဲ့။

စစ်ကိုင်းတိုင်း

ကလေးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ပြည်တော်သာကျေးရွာ တောင်ဘက်သို့ အရောက် အကြမ်းဖက်အင်အား ၁၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။

အမ်အေ(၁) ၁ လက်၊ ကာဘိုင် ၁ လက်၊ ကျည်အိမ် ၃ ခု သိမ်းဆည်းရမိခဲ့။

ပဲခူးတိုင်း

စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း၌ အကြမ်းဖက်များ ခိုအောင်းလှုပ်ရှားမှုမရှိစေရေး နယ်မြေရှင်းလင်းစဉ် ရေတာရှည်၏ အရှေ့မြောက်ဘက်သို့အရောက် အကြမ်းဖက်အင်အား ၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

အမ်(၁၆) ပုံပြောင်း ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၈ တောင့် သိမ်းဆည်းရမိခဲ့။