ငပွကြီးလုပ်ချင်နေတဲ့ နဂါးတို့အဖွဲ့ အရှက်ကွဲခြင်း

ယနေ့ နံနက် ၆ နာရီခွဲခန့်က ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များအခြေပြုနေသော ပြည်သူ့စစ် စခန်းအား PDF အကြမ်းဖက်အဖွဲ့များမှ အလစ်အငိုက် လာရောက် တိုက်ခိုက်ခဲ့ရာ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF အကြမ်းဖက်သမားများ ၎င်းတို့၏ အလောင်းများနှင့် လက်နက်ခဲယမ်းများပင်မကောက်နိုင်ပဲ ဆုတ်ခွာသွားခဲ့ရကြောင်း သိရှိရပါသည်။

ပြည်သူစစ်တပ်ဖွဲ့ဝင်များ ဆုတ်ခွာထွက်ပြေးရာနောက်သို့ လိုက်လံနယ်မြေရှင်းလင်းစဉ် PDF အမည်ခံအကြမ်းဖက်သမားများထံမှ–

  • PDF အလောင်း—- ၃ လောင်း
  • တရုတ်စက်လတ် –၁ လက်
  • M-22 သေနတ် —-၁ လက်
  • ၎င်းကျည်အိမ်—– ၁ ခု
  • အီနာဂါ ———–၃ လုံး
  • ကျည်မျိုးစုံ ——၇၅ တောင့် တို့အား သိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ဝင် များမှာ ထိခိုက်မှုမရှိခဲ့ကြောင်း သိရှိရပါတယ်။