လွိင်ကော်မြို့ရှိ တိုက်ပွဲရှောင်အိမ်ထောင်စု (၂၁၆) စု၊လူဦးရေ (၅၆၇)ဦးအား ဆန်၊ကုလားပဲ၊ဆီများ ထောက်ပံ့

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒကစ (လွိင်ကော်) ခေတ္တဒကစမှူး ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာဝန်ထမ်းများသည် ၂၀၂၃ခုနှစ် မတ်လ ၂၀ ရက် ၁၁ နာရီ ၄၅ မှ ၁၂ နာရီ ၂၅ ထိ လွိင်ကော်မြို့၊ ဈေးပိုင်းရပ်ကွက်ရှိ ဥတ္တရာရုံ ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းရှိ ယာယီတိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၆၉)စု၊ လူဦးရေ(၂၂၉)ဦးနှင့် နောင်ယား(ခ)ရပ်ကွက် ခရစ်တော်ဘုရင်(ဗဟို)ဘုရား ရှိခိုးကျောင်းရှိ ယာယီတိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၁၄၇)စု၊ လူဦးရေ (၃၃၈)ဦးတိုအား တစ်ဦးလျှင် ဆန်(၃)ပြည်၊ အိမ်ထောင်စု(၁)စုလျှင် ကုလားပဲ (၁)ပြည်၊ ဆီ(၅၀)ကျပ်သားပါ (၁)ဗူးနှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။