ရန်ကုန်တိုင်းစစ်ဌာနချုပ် စိုက်ပျိုးမွေးမြူရေးစခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

ဒီဇင်ဘာ ၂၉ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး
ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး
မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက် ပါ၍ရန်ကုန်တိုင်းစစ်ဌာနချုပ်၊
စိုက်ပျိုးမွေးမြူရေးစခန်းများသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
အမှတ်(၁) စိုက်ပျိုးမွေးမြူရေးစခန်းသို့ရောက်ရှိရာ ရှင်းလင်းဆောင်၌ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက ရန်ကုန်တိုင်း
စစ်ဌာနချုပ် စိုက်ပျိုးမွေးမြူရေးခြံများတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ထွက်ရှိလာသည့်
အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥနှင့် နွားနို့များကို အရာရှိ၊ စစ်သည် မိသားစုများနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်
များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိသည့် အခြေအနေများကို
ရှင်းလင်းတင်ပြခဲ့ပါတယ်။