အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ရုရှားနိုင်ငံသို့ ခရီးသွားခြင်း (၂)

(လုံခြုံရေးကိစ္စရပ်များဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ မျက်နှာစုံညီအစည်းအဝေး)

ဆက်လက်၍ ဧပြီ ၂၄ ရက်နေ့တွင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် (၁၂) ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ မျက်နှာစုံညီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် ရုရှားသမ္မတ ဗလာဒီမာပူတင် က အကြို နှုတ်ခွန်းဆက် စကားကို ဗီဒီယိုမှတ်တမ်းဖြင့် ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

ထို့နောက် မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်လာသည့် နိုင်ငံများမှ ကိုယ်စားလှယ်ခေါင်းဆောင် များသည် ထွန်းသစ်စ နိုင်ငံကြီးများအပါအဝင် ဗဟိုမဏ္ဍိုင်ပြု ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ်များ၏ စိန်ခေါ်မှုများ၊ အခွင့်အလမ်းများနှင့်ပတ်သက်၍ သတင်းလုံခြုံရေးဆိုင်ရာ အာမခံချက်ရရှိရေးခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြ ပါတယ်။

ညနေပိုင်းတွင် (၁၉၄၁-၁၉၄၄) ခုနှစ်များအတွင်း လီနင်ဂရက်မြို့ကို ဝန်းရံပိတ်ဆို့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများအထိမ်းအမှတ်နေရာတွင် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များမှ ဝမ်းနည်းခြင်း အထိမ်းအမှတ် လွမ်းသူ့ပန်းခွေချခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ညပိုင်းတွင် ဂုဏ်ပြုညစာစားပွဲသို့ နိုင်ငံပေါင်း ၁၀၆ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၀ ခုတို့မှ တက်ရောက်လာကြသည့် ကိုယ်စားလှယ်ခေါင်းဆောင်များနှင့် အတူတက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဆုမွန်တောင်းစကား ပြောကြားခဲ့ပါတယ်။