အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ (၆၁)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ ပြုလုပ်

အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ (၆၁)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ စစ်ရေးပြကွင်း၌ ပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါတယ်။
ရှေ့ဦးစွာ တိုင်းမှူးက တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်မိန့်ခွန်း ပြောကြားပြီး (၆၁)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆုချီးမြှင့်ခြင်းကို တိုင်းစစ်ဌာနချုပ် အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ နယ်မြေလုံခြုံရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သင်တန်းများ၊ အားကစားပြိုင်ပွဲများနှင့် ပြိုင်ပွဲအသီးသီး တွင် ဆုရရှိကြသူများ၊ ပညာရည်ချွန်ဆုနှင့် အိမ်ထောင်သည်လိုင်း ဘက်စုံ အကောင်း ဆုံး ဆုရရှိကြသူများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ် ချီးမြှင့်ကြပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ဗလာမပါ ကံစမ်းမဲများ ဖောက်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်ရှင်။