“သုဇာတာ သူဋ္ဌေးကတော်”

ရှေးဆုတောင်း

ပဒုမုတ္တရ မြတ်စွာဘုရားရှင်လက်ထက် ဟံသာဝတီပြည်တွင် သူဋ္ဌေးသမီးဖြစ်လတ်၍ တနေ့သ၌ မြတ်စွာဘုရား၏ တရားတော်ကို နာကြားစဉ် မြတ်စွာဘုရားက ဥပါသိကာ အမျိုးသမီး တစ်ဦးအား ရှေးဦးစွာ သရဏဂုံ ဆောက်တည်သော အရာဝယ် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို မြက်တွေ့ အားကျသဖြင့် ကုသိုလ်ကောင်းမှု ပြုကာ မြတ်စွာဘုရား အထံတော်၌ ဤဧတဒဂ်ဆုကို ပန်၍ ဗျာဒိတ်ခံယူလေသည် ။

နောက်ဆုံးဘဝ

ဂေါတမမြတ်စွာဘုရားရှင် လက်ထက်တော်အခါ၌ ဥရုဝေလ တောအုပ်အနီး သေနာ နိဂုံးရွာကြီးဝယ် သေနိယသူဋ္ဌေး၏သမီး သုဇာတာ ဖြစ်လာ၏။ အရွယ်သို ရောက်လတ်သော ဗာရာဏသီသူဋ္ဌေးသားနှင့် ထိမ်းမြားလျက် ယသ သတိုသားကို ဖွားမြင်လေသည်။ သားယောက်ျား ဖွားမြင်သဖြင့် မိမိ၏ ဆုတောင်း ပြည့်သည်ဟု သေနာနိဂုံး ရွာအနီးရှိ ပညောင်ပင်သို နှစ်စဉ်လာ၍ ပညောင်ပင်စောင့် ရုက္ခစိုးနတ်အား ပူဇော်ပသ၏။

မြတ်စွာဘုရား အလောင်းတော်သည် ဒုက္ကရစရိယာ ကျင့်တော်မူ၍ ခြောက်နှစ်ပြည့်မြောက်သော ကဆုန်လပြည့်နေ့ နံနက်မိုးသောက်ယံတွင် ပညောင်ပင် အရင်း၌ ရှိနေစဉ်အခိုက် သုဇာတာသူဋ္ဌေးကတော်သည် ပညောင်ပင်အရင်းသို လာ၍ ဘုရား အလောင်းတော်အား ရုက္ခစိုးနတ်ကြီးအမှတ်ဖြင့် ရွှေခွက်ဖြင့် ဃနာ နိုဆွမ်းကပ်လှူလေသည်။ ကပ်လှူပြီးနောက် သားဆုရလိုသော အကျွန်ုပ်၏ အလို ဆန္ဒပြည့်ဝ သကဲ့သို အရှင်၏ အလိုဆန္ဒလည်း ပြည့်ဝပါစေသတည်း´´ဟု ဆုတောင်းမင်္ဂလာ စကား ပြောကြားကာ ဖဲခွာသွားလေသည်။

ဘုရားအလောင်းသည် ဃနနိုဆွမ်းကို ဘုဉ်းပေးပြီးလျှင် ရွှေခွက်ကို နေရဉ္ဇရာ မြစ်ကြော၌ မျှောပြီးနောက် မဟာဗောဓိမဏ္ဍိုင်သို တက်ကာ မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်ကျော် ၁ ရက် နံနက်အာရုံတက်ချိန်၌ မာရ်ငါးပါးကို အောင်မြင်တော်မူကာ သဗ္ဗညုတဘုရားရှင် အဖြစ်သို ရောက်တော်မူလေသည်။

မဟာဗောဓိမဏ္ဍိုင်အနီး၌ သတ္တသတ္တာဟ စံတော်မူပြီးနောက် ဗာရာဏသီမြိုအနီး ဣသိပတန မိဂဒါဝုန်တောသိုကြွရောက်ကာ ဝါဆိုလပြည့်နေ့ ညနေ နေဝင်ဖြိုးဖြအချိန်တွင် ပဉ္စဝဂ္ဂီ ၅ ဦးတိုအား ဓမ္မစင်္ကြာ တရားတော်ကို စတင်ဟောကြားတော်မူပြီးနောက် သစ်ပင်ရင်း တစ်ခုသို ကြွရောက် သီတင်းသုံးနေတော်မူ၏။

ထိုညဉ့်၏ အခြားမဲ့၌ပင် သုဇာတာ၏သား ယသ သူဋ္ဌေးသားသည် မောင်းမဆောင်၌ အလုပ်အကျွေးဖြစ်သော အခြွေအရံ အမျိုးသမီးများ၏ မနှစ်မြိုဘွယ်သော အခြင်းအရာကို မြင်ရလျက် ငြီးငွေ့ သံဝေဂ ဖြစ်သဖြင့် အိမ်မှတိတ်ဆိတ်စွာ ထွက်ခွာလာကာ မိဂဒါဝုန်ဥယျာဉ်၌ မြတ်စွာဘုရား ရှိရာနေရာသို ရောက်လာလေသည်။

မြတ်စွာဘုရားရှင်သည်လည်း ယသ သူဋ္ဌေးသား အား တရားဟောကြားတော်မူရာ ဒေသနာတော် အဆုံးတွင် သူဋ္ဌေးသားသည် အောက်မဂ်- အောက်ဖိုလ် သုံးပါးတိုကို ထိုးထွင်းသိမြင် ဆိုက်ရောက်လေသည်။ နံနက်မိုးသောက်၌ ယသ ၏ဖခင် သူဋ္ဌေးကြီးသည် အိမ်မှ တိတ်တဆိတ်ထွက်ခွာ သွားသော သားဖြစ်သူ ယသအား လိုက်လံရှာဖွေယင်း မြတ်စွာဘုရား အထံတော်သို ရောက်လာလေသည်။

မြတ်စွာဘုရားသည် တန်ခိုးတော်ဖြင့် ယသ သူဋ္ဌေးသားအား ဖုံးကွယ်ထားလျက် သူဋ္ဌေးကြီးအား တရားဓမ္မပြသဟောကြားတော်မူရာ ဒေသနာတော်အဆုံး၌ သူဋ္ဌေးကြီးသည် သောတာပတ္တိဖိုလ်၌ တည်လျက် အနာဂါမ်ဖြစ်ပြီးသော ယသ သူဋ္ဌေးသားသည်မူ အရဟတ္တဖိုလ်သို ဆိုက်ရောက်လေ၏။

ယသ သူဋ္ဌေးသားအား ဧဟိဘိက္ခု ရဟန်းပြုပေးတော်မူပြီးနောက် မြတ်စွာဘုရားသည် ယသ၏ ဖခင်သူဋ္ဌေးကြီး ပင့်ဆောင်သဖြင့် ယသ ရဟန်းအား နောက်ပါပြုပြီးလျှင် သူဋ္ဌေးကြီး၏ နေအိမ်သို ကြွရောက်တော်မူလေသည်။

ဆွမ်းဘောဇဉ် ဆက်ကပ်ပြီးနောက် မြတ်စွာဘုရား ဟောကြားသော တရားဒေသနာတော်ကို နာကြားကြရသော အရှင်ယသ၏ မယ်တော် သုဇာတာသူဋ္ဌေးကတော်ကြီးသည် လည်းကောင်း အရှင်ယသ၏ လူဖြစ်စဉ်က ဇနီးဟောင်းသည် လည်းကောင်း တေဝါစိက သရဏဂုံ၌ တည်ကြကုန်လျက် သောတာပန် အရိယာအဖြစ်သို ရောက်ကြလေသည်။

ထိုကြောင့် မြတ်စွာဘုရား ရှင်သည် သေနိယသူဋ္ဌေး၏ သမီး သုဇာတာသူဋ္ဌေးကတော်အား “ပဋ္ဌမံသရဏဂမန= ရှေးဦးစွာ သရဏဂုံသုံးပါး ခံယူသော အရာဝယ် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏´´ဟု ချီးကျူးမိန့်မြွက်တော်မူကာ ဧတဒဂ်ရာထူး၌ ထားတော်မူလေသည်။