လသာမြိုနယ် ဧရာဝတီဘဏ်ခွဲ (၃၇) တွင် လုယက်မှုဖြစ်၊ ငွေကျပ်သိန်း (၁၀၀) ခန့်ပါသွား

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြိုနယ်၊ (၁) ရပ်ကွက်၊ ကမ်းနားလမ်း နှင့် လမ်းမတော် လမ်းထောင့်၊ ဧရာဝတီဘဏ်ခွဲ (၃၇) တွင် ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်၌ လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

Mask တပ်ထားသည့် လူငယ် ၁ ဦး (စိစစ်ဆဲ)မှ အဆိုပါဘဏ်ခွဲအတွင်းသို့ ဝင်ရောက်လာပြီး ဓါးမြှောင်တစ်ချောင်းအားပြသ၍ “ပိုက်ဆံဘယ်လောက်ရှိလဲ၊ ထုတ်ပေး” ဟုပြောပြီး ဘဏ်ကောင်တာရှိ ငွေကျပ်သိန်း (၁၀၀) ခန့်အား လုယက်ယူဆောင်၍ ထွက်ပြေးသွားခဲ့ ကြောင်းသိရသည်။

အခင်းဖြစ်ပွားချိန်တွင် ဘဏ်ခွဲအတွင်း၌ ဘဏ်မန်နေဂျာအပါအဝင် ဘဏ်ဝန်ထမ်း အမျိုးသမီး (၁၁) ဦးနှင့် လုံခြုံရေးကျား ၁ ဦးသာ ရှိကြောင်းသိရပြီး လုံခြုံရေးတပ်ဖွဲများက တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါတယ်။