အမြန်လမ်း၌ မောင်းနှင်နေသည့်ယာဥ်ကို နောက်မှယာဥ်တစ်စီးက ဝင်တိုက်၍ လူ (၁၀) ဦး ဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၂၄/၅) နေရာ၌ မောင်းနှင်လျက်ရှိသော Hijet ယာဉ်ကို လာရားတူနောက်မှ မောင်းနှင်းလာသော Nissan Caravan ယာဉ်မှ ဝင်ရောက်တိုက်မိသည့်ဖြစ်စဥ်တစ်ခု ယနေ့ ဒီဇင်ဘာ ၂၁ ရက်၊ နံနက် ၇ နာရီခွဲအချိန်က ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ ထုတ်ပြန်ထားမှုအရ သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် Hijet ယာဉ်ပေါ် လိုက်ပါလာသည့် အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၉)ဦး၊ စုစုပေါင်း (၁၀)ဦး တို့ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ပြင်စည် 192 သူနာတင်ယာဉ်ဖြင့် နွားထိုးကြီးဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့သည်ဟုဆိုသည်။

အခင်းဖြစ်ပွားရာနေရာသို့ ပြင်စည်အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

𝙢𝙝𝙩𝙣𝙚𝙬𝙨