စစ်ကိုင်းမြို့၊ ပြူကံရပ်ကွက်၊ ကျောက်ဆစ်ရပ်၊ နည်းပညာတက္ကသိုလ်တွင် ဗုံးသီးဟောင်း ၁ လုံးတွေ့ရှိ

အောက်တိုဘာလ ၇ ရက် ညနေ ၄ နာရီခန့်က စစ်ကိုင်းမြို့၊ ပြူကံရပ်ကွက်၊ ကျောက်ဆစ်ရပ်၊ နည်းပညာတက္ကသိုလ်
ကျောင်းဝင်းအတွင်းတွင် သစ်ပင်များ စိုက်ပျိုးရန် မြေကျင်းတူးနေစဉ် ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးသီးဟောင်း ၁ လုံးအား
တွေ့ရှိခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများထံ အပ်နှံခဲ့တယ်လို့ သိရှိရပါတယ်။