မွန်ပြည်နယ် ခုနှစ်ခွေတောင်အဆင်း ကျောက်တင်တဲ့ ဖောကားတစ်စီး အရှိန်လွန်ပြီး‌ တိမ်းမှောက်

မွန်ပြည်နယ် မုဒုံမြို့နယ် ခုနှစ်ခွေ တောင်ကို ကားတစ်စီး အရှိန်လွန်ပြုတ်ကျ တိမ်းမှောက်ဖြစ်ပွားခဲ့တယ်လို့မုဒုံမြို့နယ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (MERT)မှ သိရပါ တယ်။

မုဒုံမြို့နယ် ကျိုက်မရော-မုဒုံ ခုနှစ်ခွေတောင်ခြေတွင် ကျောက်တင်လာသည့် ဖောကားတစ်စီး အရှိန်လွန်တာ တောင်စောင်းပေါ်မှ ပြုတ်ကျပြီး သစ်ပင်ကို ဝင်တိုက် တိမ်းမှောက်မှု ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဖြစ်ခဲ့တာပါ။

ယင်းဖြစ်စဉ်အတွင်း ကားထဲမှာ ညှပ်နေတဲ့ ယာဉ်မောင်းဖြစ်သူကို နယ်မြေခံ လူမှုကူညီရေးအသင်းတွေရဲ့အကူအညီနဲ့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး မော်လမြိုင်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါ ခုနှစ်ခွေတောင် အဆင်းမှာ မကြာခဏဆိုသလို ယာဉ်မတော်တဆမှုတွေ ဖြစ်ပွားနေလို့ သတိပြုမောင်းနှင်ကြဖို့လည်း MERT က အသိပေး နှိုးဆော်ထားပါတယ်။