စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ အမှိုက်ကန်မှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ဗားကရာလမ်း၊ အနောက်ဥယျာဉ်တိုက်ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ အမှိုက်ကန်တွင် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများ စွန့်ပစ်ထားသော ၄၀ မမ ဗုံးသီးခြောက်ခုနှင့် စက္ကူပုံးတစ်ပုံးကို ဇန်နဝါရီလ ၂၅ ရက် ည ၈ နာရီ ၃၀ မိနစ်အချိန်ကတွေ့ရှိကြောင်းသိရသည်။

လုံခြုံရေးတပ်ဖွဲ့ကစစ်ဆေးရာ စက္ကူပုံးအတွင်း နောက်ထပ် ၄၀ မမဗုံးသီး ၁၁ လုံးထပ်မံတွေ့ခဲ့သည်။ ထိုနောက် ပတ်ဝန်းကျင်ကို အသေးစိတ်ရှင်းလင်းရာ ဘုန်းကြီးကျောင်းရှေ့ပန်းအတွင်းမှ AK-47 သေနတ်တစ်လက်ထပ်မံတွေ့ရှိခဲ့ကြောင်းသိရသည်။

CRD;