စစ်ကိုင်းတိုင်းဒေသကြိး၊ ဝက်လက်မြိုနယ် ခေါတောကျေးရွာအနီးတွင် PDF အလောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် နေ့လယ် ၁ နာရီခန့်တွင် ဝက်လက်မြို့နယ် ခေါတောကျေးရွာအနီးတွင် လုံခြုံရေးအဖွဲ့များက နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိရာ PDF အကြမ်းဖက်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
လုံခြုံရေးအဖွဲ့များသည် PDF အကြမ်းဖက်သမားများအား ပြန်လည် ပစ်ခတ်ရှင်းလင်းမှုများပြုလုပ်ခဲ့ရာ PDF များမှာ ဒဏ်ရာများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။လုံခြုံရေးအဖွဲ့များက လိုက်လံရှင်းလင်းမှုများ ပြုလုပ်ခဲ့ရာ—

  • PDF အကြမ်းဖက်အလောင်း— ၂ လောင်း
  • လက်လုပ်သေနတ် ———–၁ လက်
  • လက်လုပ်စိန်ပြောင်း ———၃ လက်
  • ဆိုင်ကယ် ၁ စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်။