ရုရှားနှင့် ဘီလာရုစ်တို့အား အာရှအိုလံပစ်အားကစားပြိုင်ပွဲသို့ တရားဝင်ဖိတ်ကြားထားကြာင်းသိရှိရ

ရုရှားနှင့် ဘီလာရုစ်တို့အား အာရှအိုလံပစ်အားကစားပြိုင်ပွဲသို့ပါ၀ငါရန် တရားဝင်ဖိတ်ကြားထားကြောင်းသိရှိရပါတယ်။

အာရှအိုလံပစ်ကောင်စီ (OCA) သည် အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ရန်ရုရှားနှင့် ဘီလာရုစ်တို့ထံ တရားဝင်ကမ်းလှမ်းထားသည်ဟု အဆိုပါအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

“OCA သည် အားကစား၏ စည်းလုံးညီညွတ်မှုစွမ်းအားကို ယုံကြည်ပြီး အားကစားသမားတိုင်းသည် ၎င်းတို၏နိုင်ငံသား သို့မဟုတ် နိုင်ငံကူးလက်မှတ်ကို မခွဲခြားဘဲ ယှဉ်ပြိုင်နိုင်သည်ဟု ယုံကြည်သည်။
OCA သည် အာရှအားကစားပြိုင်ပွဲ အပါအဝင် ဒေသတွင်းပြိုင်ပွဲများတွင် အရည်အချင်းပြည့်မီသော ရုရှားနှင့် ဘီလာရုအားကစားသမားများကို ဖိတ်ကြားထားကြောင်း အဆိုပါအဖွဲ့အစည်းက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာရှကောင်စီသည် အသင့်အနေအထားတွင်ရှိနေသည်။ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) သည် ရုရှားနှင့် ဘီလာရုစ်တို့မှ အားကစားသမားများ၏ ပါဝင်နိုင်ခြေကို ဆက်လက်ထည့်သွင်းစဉ်းစားနေခြင်းကြောင့် ဖြစ်သည်ဟုဆိုသည်။