Norovirus အကြောင်း သိကောင်းစရာ

အိန္ဒိယနိုင်ငံ Kerala မှာ ကလေး ၆၂ ယောက်ကို နိုရိုဗိုင်းရပ်စ် ကူးစက်သွားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြလာခဲ့ပါတယ်။ ကနဦးစစ်ဆေးမှုတွေအရ ကလေးနှစ်ယောက်ရဲ့ မစင်နမူနာတွေမှာ တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။ နိုရိုဗိုင်းရပ်စ်ဆိုတာ ဆောင်းရာသီမှာ တွေ့ရတတ်တဲ့ ရောဂါပိုးတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီရောဂါဟာ “winter vomiting bug” အမျိုးအစားရောဂါတစ်မျိုးဖြစ်ပြီး အစောပိုင်းကာလတွေမှာတော့ သူ့ကို Norwalk virus လို့ လူသိများခဲ့ပါတယ်။ ဒီရောဂါရဲ့ ကူးစက်မှုဟာ ဆောင်းဥတုတစ်မျိုးတည်းမှာသာ ကူးစက်လေ့ရှိတာဖြစ်ပါတယ်။

အော့အန်မှုဟာ နိုရိုဗိုင်းရပ်စ်ရဲက အဓိကလက္ခဏာပဲ ဖြစ်ပါတယ်။ အခြားသော လက္ခဏာတွေအနေနဲ့ကတော့ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အဖျားတက်ခြင်း၊ ဝမ်းဗိုက်အောင့်ခြင်းနဲ့ ထုံထိုင်းထိုင်းဖြစ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ကလေးတွေဆီမှာ ဖြစ်မယ်ဆိုရင်တော့ ရေဓာတ်ခမ်းခြောက်တာမျိုးတွေဖြစ်စေပါတယ်။ ဒါအပြင် ဆီးသွားနည်းခြင်း၊ ပါးစပ်နဲ့ လည်ချောင်းတွေ ခြောက်သွေ့ခြင်းနဲ့ မူးဝေခြင်းတွေဖြစ်တတ်ပါတယ်။