ဒုံးပျံစမ်းသပ်မှုများကို ကင်ဂျုံအန်ကိုယ်တိုင်ကြီးကြပ်ကွပ်ကဲနေ

မြောက်ကိုရီးယားနိုင်ငံတွင် ဒုံးကျည်များစမ်းသပ်ပစ်လွှတ်ရာတွင် ကင်ဂျုံအန်ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲနေပုံများပါဝင်သည့် ဗီဒီယိုဖိုင်တစ်ခုကို မြောက်ကိုရီးယားအစိုးရပိုင် Korean Central Television ရုပ်သံလိုင်းက တရားဝင်ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ video file တွင် ကင်ဂျုံအန်သည် ဒုံးကျည်စမ်းသပ်ပစ်လွှတ်ကွင်းတွင် စစ်တပ်အရာရှိများကို ပြောဆိုညွှန်ကြားနေခြင်းနှင့်၊ ဒုံးကျည်အချို့စမ်းသပ်ပစ်လွှတ်ခြင်းများပါရှိကြောင်းသိရပါတယ်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုများသည် မြောက်ကိုရီးယားတပ်မတော်၏ စစ်ပွဲစွမ်းရည်များကို စမ်းသပ်ရန် ရည်ရွယ်ထားကြောင်း Korean Central Television ကဆိုထားတယ်လို့သိရပါတယ်။ #Crd