ဘာသာတူဖို့မလို ရင်ဘတ်ချင်းတူဖို့လို

စစ်မှုထမ်းဖို့ ဝင်ရောက်လာကြတဲ့ သူတွေထဲမှာ တိုင်းရင်းသားညီအစ်ကိုတွေပါလာကြသလို ကိုးကွယ်ရာဘာသာ မတူသူတွေလည်း အများကြီးပါလာကြပါတယ်။ ဟိုးရခင်ကတည်းကတပ်မတော်ဆိုတာ တိုင်းရင်းသားညီအစ်ကိုပေါင်းစုံနဲ့ ဖွဲ့စည်းတည်ရှိနေတဲ့ ကျစ်လစ်ခိုင်မာတဲ့ အဖွဲ့အစည်းတစ်ခုပါ။ ဘာသာမတူ လူမျိုးမတူလို့ ခွဲခြားဆက်ဆံတယ်ဆိုတာလည်းမရှိခဲ့ပါဘူး.။ အဓိကကတော့ အမျိုးဘာသာ သာသနာကိုစောင့်ရှောက်မယ်ဆိုတဲ့ ခံစားချက်ရှိတဲ့ ရင်ဘက်ချင်းတူဖို့ပဲလိုတာပါ.။

ပုံပါ ပြည်သူ့စစ်မှုထမ်း သင်တန်းသားဟာဧရာဝတီတိုင်းဒေသကြီး ရွာငယ်လေးတစ်ရွာမှ ဖြစ်ပြီး မိခင်ဖြစ်သူမှ အုတ်တွင်းမှာသင်တန်းတက်နေတဲ့ သားဖြစ်သူအတွက် ပါဆယ်ဖြင့် ပေးပို့လာတဲ့ ဓမ္မကျမ်းစာအုပ်လေးကို ၎င်း၏သားဖြစ်သူလက်ထဲကို အရောက်ပေးပို့ခဲ့ပါတယ်။