“ပဲခူးတိုင်းဒေသကြီးအတွင်းမှရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး(၈)ဦးအပါအဝင် ဝန်ထမ်း ၂၆ ဦးကိုနိုင်ငံတော်မှ ရဲဗလတံဆိပ်များ ချီးမြှင့်”

ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံတော်မှ ရဲဗလတံဆိပ် ချီးမြှင့်အပ်နှံခြင်း ခံရသူများအား ရဲဗလတံဆိပ်နှင့်

ဂုဏ်ထူးဆောင်လက်မှတ်များ ဂုဏ်ပြုခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပဲခူးမြို မြိုတော်ခန်းမ၌ ကျင်းပခဲ့သည်ဟု သိရသည်။
ယင်းအခမ်းအနား၌ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ အဖွဲဝင်-၂ (၁)ဦး၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး(၈)ဦး၊ ရာအိမ်မှူး(၁၆)ဦး၊

ဝန်ထမ်း(၁) ဦး၊ စုစုပေါင်း(၂၆)ဦးတိုအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ စွမ်းရည်ဆိုင်ရာ ရဲဗလတံဆိပ်နှင့်

ဂုဏ်ထူးဆောင်လက်မှတ်များကို ချီးမြှင့်ပေးအပ်ခဲ့သည်။
မြန်မာနိုင်ငံတွင် ထိုသိုသော ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဆုတံဆိပ်များ ချီးမြှင့်ခြင်းသမိုင်းမှာ မြန်မာမင်းများလက်ထက်မှ

နိုင်ငံတော်အစိုးရ အဆက်ဆက်တိုသည် နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုစောင့်သိ၍ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သော

ပုဂ္ဂိုလ်များ၊ နိုင်ငံတော်ကို သက်စွန့်ကြိုးပမ်းကာကွယ်စောင့်ရှောက်သူများအား ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရှိရပါတယ်ရှင်။