နိုင်ငံတကာရေတပ်လေ့ကျင့်ခန်းသွားခဲ့တဲ့ စစ်ရေယာဉ် (ဆင်ဖြူရှင်) ပြန်လည်ရောက်ရှိ

အိန္ဒိယနိုင်ငံ၊ Visakhapatnam မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာရေတပ် လေ့ကျင့်ခန်း (MILAN-2024) နှင့် (၆) ကြိမ်မြောက် အိန္ဒိယ-မြန်မာ ရေတပ်ဆိုင်ရာ လေ့ကျင့်ခန်း (6th IMNEX) သို့တက်ရောက်ခဲ့သည့် တပ်မတော်(ရေ)မှအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ဇော်ဦး ဦးဆောင်သော စစ်ရေယာဉ်(ဆင်ဖြူရှင်)သည် မတ်လ ၆ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ် (၃) ရေတပ်ဆိပ်ခံ တံတား(သီလဝါ) သို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

 အဆိုပါနိုင်ငံတကာရေတပ်လေ့ကျင့်ခန်း (MILAN-2024) ကို ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ စစ်ရေယာဉ်(ဆင်ဖြူရှင်)အပါ အဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ စစ်ရေယာဉ် ၁၃ စီးနှင့် ကင်းထောက်လေယာဉ် ၁ စင်း ပါဝင်ဆောင်ရွက်ခဲ့ကြတယ်လို့သိရပါတယ်။